ငါးဖယ်ဟင်း

ငါးဖယ်ဟင်း

ငါးဖယ်ကို ဗီယမ်နမ်၊ တရုတ်ဆိုင်တွေမှာ ရနိုင်ပါတယ်။ Grey Featherback Fish Paste ဆိုပြီး
ဗီယမ်နမ် နိုင်ငံက ထုတ်လုပ်တာပါ။ ငါးဖယ် ကို ကိုယ်တိုင် ငါးဝယ်ပြီး ခြစ်မယ် ဆိုရင်လဲ ရပါတယ်။
အလုပ်တော့ ရှုပ်တာပေါ့နော်။

ငါးဖယ်ခြစ်ကို ကြက်သွန်ဖြူ နှစ်ဥ၊ ဂျင်းလက်တဆစ် ၊ ထောင်းထားတာရယ် ဆား ၊ ဆနွင်းတို့နဲ့နယ်ပါတယ်။

ဗီယမ်နမ်ဆိုင်ကအထုပ်ကိုလုံးဝမထောင်းရပါဘူး၊ ထောင်းရင် စားမကောင်းဖြစ်တတ်လို့ပါ။
မြန်မာပြည်မှာ ဈေးကလတ်လတ်ဆပ်ဆပ်ဝယ်လာတဲ့ အခါ မချက်ခင် အိမ်ကထောင်းပါတယ်။
ငါးဖယ်ကို အနေတော် အပြားလေးတွေ လုပ်ပါ၊ ငါးဖယ်တွေကပ်နေမယ်ဆိုရင် ဆီလေးစွတ်
ြ့ပီး ပြုလုပ်မယ်ဆိုရင် ပိုလွယ်ပါတယ်။ ဆီ ပူပူထဲကို ဆုပ်ထားတဲ့ ငါးဖယ်တွေထည့်ပြီး ကြော်ပါမယ်။
အ၀ါရောင်လေး သန်းလာရင် ဆယ်ထုပ်ရပါမယ်။

ငါးဖယ်ဟင်း ချက်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းရပါမယ်။ ခရမ်းချဉ်သီး
၎၊ ၅ လုံးလောက်ကိုလဲ လှီးထားရပါမယ်။ အရင်ဆုံး ကြက်သွန်ဖြူ၊ နီ ဆီသပ်ရပါမယ်၊
နနွင်းလေးနည်းနည်းထည့်ပါ။ ရွှေဝါရောင်သန်းပြီး မွှေးလာရင် ခရမ်းချဉ်သီးထည့်ပါ၊
ရေလေးစပ်စပ်ထည့်ပြီး ခရမ်းချဉ်သီးဖတ်လေးတွေ ကြေပြီး ဆီပြန်လာမှ ကြော်ထားတဲ့
ငါးဖယ်ကိုထည့်ပါတယ်။ ရေနည်းနည်းထည့်ပြီး ခဏ အဖုံးအုပ်ထားရပါမယ်။ ပွက်လာရင်
အပေါ့အငံ အတွက် ငံပြာရည် သို့မဟုတ် ဆားထည့်ပါ။ ချကာနီလျှင် ငရုပ်သီးစိမ်း
ကိုဓားပြားရိုက်ထည့်နိုင်ပါတယ်။ နံနံပင်ရှိလျှင် နံနံပင်လေးပါအုပ်ပြီး အသင့် စားသုံးနိုင်တဲ့
ငါးဖယ်ဟင်း ရပါပြီ။

(မှတ်ချက်၊ ငါးဖယ်ငါးဆုပ်ဟင်း ချက်လိုလျှင် ငါးဖယ်အားလုံးကိုမကြော်ပဲ တချို့တ၀က်သာ
ကြော်ပါ။ခရမ်းချဉ်သီး ထည့်ပြီးလျှင် ငါးဖယ်အစိမ်းလုံးများထည့်ပြီး ချက်နိုင်ပါတယ်။
ငါးဖယ်လုံးတွေ ကျက်မှ ကြော်ထားတဲ့ ငါးဖယ်ကြော်ဆက်ထည့်ပြီး ချက်နိုင်ပါတယ်။
ချက်နည်းကတော့ အပေါ်က ငါးဖယ်ဟင်း ချက်နည်းအတိုင်းပါပဲ။)

1 comments:

မေ said...

ရှင်မင်းရေ
ငါးဖယ်ချက်မလို့ လိုက်ရှာနေတာအတော်ပဲ။ င်းဖယ်ဟင်းနဲ့ ငါးဆုပ်ဟင်း ချက်နည်းမတူဘူး ဆိုတာ ခုမှသိတယ်