ကင်းမ်ချိ (Kimchi)

ကင်းမ်ချိလုပ်နည်း

မမလုလု တင်ပေးကတည်းက လုပ်တတ်ချင်နေတာ။
အရင်တပါတ်က ကင်းမ်ချီစတူးစားချင်လွန်းလို့ ၊ အထုပ်ကြီးတထုပ်ဝယ်တာ ၂ ပေါင်ပေးရပါတယ်။
ဈေးကြီးတာပေါ့နော်၊ အဲဒါနဲ့ နောက်ဆို ၀ယ်မစားတော့ဘူး ကိုယ်တိုင် လုပ်မယ်လို့ ဆုံးဖြတ်ချက်
ချလိုက်မိတယ်။ ကင်းမ်ချီလုပ်ဖို့ ဒီနေ့တော့ မဖြစ်မနေ့အကောင်အထည်ဖော်ဖြစ်လိုက်ပါတယ်။
ရှင်မင်းအခုတင်ပေးမယ့်နည်းက Chinese Cabbage နဲ့လုပ်တာပါ။
မုန်လာဥဖြူ၊ တခြားအရွက်တွေနဲ့လုပ်တာရှိပါသေးတယ်။ ဒီတခါဖြစ်ရင် နောက်တခါ တခြားကင်းမ်ချီ
တွေပါစမ်းသပ်လုပ်ကြည့်ရမယ်။
ကင်းမ်ချိအတွက်လိုအပ်တဲ့အရာတွေကတော့

၁။ chinese cabbage ၂ ထုပ်
၂။ ငရုပ်သီးမှုန့် (့Red pepper Powderဆိုပြီးတရုတ်ဆိုင်တွေမှာ ရှာရင် ရပါတယ်။ )
၂၀၀ G ထုပ်ပါ။ တ၀က်နီးနီးထည့်ပါတယ်။
၃။ ဆန်မှုန့် ရေနွေးခြမ်းပန်းကန် ၂ လုံး
၎။ ရေ ရေနွေးခြမ်းပန်းကန် နဲ့ ၆ လုံး (သူက ဆန်မှုန့်နဲ့ သုံးဆထည့်ရတာပါ။)
၅။ သကြားရေနွေးခြမ်းပန်းကန် ၁ ၀က်
၆။ ငံပြာရည်
၇။ ကြက်သွန်မြိတ် တစည်း
၈။ ဂျင်းလက် ၃ ဆစ်
၉။ ကြက်သွန်ဖြူ ၈မွှာ၊ ကြက်သွန်နီအကြီးတဥ
၁၀။ ကင်းမ်ချိနယ်ဖို့ လက်အိတ် တွေလိုပါတယ်။

အရင်ဆုံး Chinese Cabbage ကို တခြမ်းခြမ်းပြီးရေဆေးပါတယ်။ ရေ ဆေးပြီး တလွှာခြင်းဆီ
ဆားနဲ့ ဖြူးပြီး ဖိပါတယ်။ အဲဒီအတိုင်း ၂ နာရီ ခန့်ထားထားပါတယ်။

၂ နာရီအကြာမှာတော့ စောစောက ဆားတွေစင်သွားအောင် ရေ နဲ့ သုံးခါတိတိဆေးရပါမယ်။
ရေတွေ ညှစ်ယူပြီးရင် ၊ ကင်းမ်ချိ အနှစ်ရည်ဖျော်ဖို့စလုပ်ရပါတော့မယ်။

ဆန့်မှုန် ကို ရေ သုံးဆနှုန်း နဲ့ ဖျော်ရပါမယ်။ ပြီးရင် မီးဖိုပေါ်တင်ပြီးမွှေပေးပါ။ မွှေနေရင် သကြား
ဆန်မှုန့် အချိုးရဲ့ တ၀က်ကိုထည့်ပါ။ (ဥပမာ ဆန်မှုန့် တခွက်၊ သကြား ခွက်တ၀က်နူန်း ပါ။)
သကြားတွေပျော်လာရင် တချက်တချက် ပွက်လာပါလိမ့်မယ်၊ မီးပိတ်ပြီး ငံပြာရည် ထည့် ပါ။
ရောမွှေပါ။ တဆက်တည်း ကြက်သွန်မြတ်လက်တဆစ်စီလှီးထားတာရယ်၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထောင်းထားတာ ဒါမှမဟုတ်
ကြိတ်ထားတာကို ထည့်ပါ။ ငရုပ်သီးမှုန့် ထည့်ပါ။

အားလုံးကို သမအောင်ဇွန်းနဲ့ရောမွှေပါ။ ပြီးတာနဲ့ ကင်းမ်ချိအနှစ်ကို စောစောကရေစစ်ထားတဲ့
Cabbage ထဲ တလွှာချင်းစီသိပ်ထည့်ပါ။ အဲဒီလိုသိပ်ထည့်တဲ့ နေရာမှာလက်အိတ်စွပ်
ရပါမယ်။ ပလတ်စတစ်ဘူးတွေထဲကို ထည့်ပြီး၊ အခန်းအပူချိန်နဲ့ ပဲ ၁ရက်တိတိထားရပါမယ်။
၁ရက်ကြာလို့ အဖုံးဖွင့်လိုက်ရင် ကင်းမ်ချိအနံ့ထွက်နေလောက်ပါပြီ။ သေချာမြည်းကြည့်ပြီး
ချဉ်တာနဲ့ ရေခဲသစ်တာထဲကို ထည့်လိုက်ပါ။ ကင်းမ်ချီကို ဇွန်းနဲ့သာခပ်ယူပါ၊ လက်နဲ့
ကိုင်တွယ်ရင် ကြာရှည်မခံတတ်ပါဘူး။

(မှတ်ချက်။ ကြိုက်တတ်ရင်Oysters အစိမ်းကိုလှီးပြီး ကင်းမ်ချီနယ်ရင်းထည့်နယ်လို့ရပါတယ်။ ရှင်မင်း
ကတော့ ထည့်မနယ်ဖြစ်ပါဘူး)
ခုဆို ဓါတ်ပုံရိုက်ရင် Say Cheese လို့မပြောတော့ဘူး Say Kimchi =D

0 comments: