ခရမ်းချဉ်သီးငါးပိချက်



ခရမ်းချဉ်သီးငါးပိချက်

အသားဟင်းတွေမစားချင်တိုင်း ချက်စားဖြစ်တာလေးပါ။
တို့စရာစုံစုံလင်လင်နဲ့ဆို တခြားဘာဟင်းမှမလိုဘဲ၊ ထမင်းအင်မတန် မြိန်လှပါတယ်။
ချက်ရတာလဲ မခက်လှပါဘူး။
ပါဝင်သောအရာများ
၁။ခရမ်းချဉ်သီး လှီးပြီးသား ဘူး ၂ ဘူး
၂။ ကြက်သွန်နီ ၂ လုံး (အကြီး)
၃။ ကြက်သွန်ဖြူ ၄ မွှာ
၎။ ငရုပ်သီးအရောင်တင်မှုန့်
၅။ ငရုပ်သီးစိမ်း ၆ တောင့်
၆။ ပုဇွန်ငါးပိ
၇။ ပုဇွန်ခြောက်မှုန့်
၈။ နံနံပင် ၁ စည်း
၉။ ဆား
၁၀။ ဆီ

အရင်ဆုံးကြက်သွန်နီ၊ ကြက်သွန်ဖြူ လှီးထားတာကို ဆီသတ်ပါတယ်၊ ရွှေဝါရောင်သန်းပြီး
အနံလေးမွှေးလာရင် ငရုပ်သီးအရောင်တင်မှုန့်ထည့်ပြီး မီးကိုလျော့လိုက်ပါ၊
ငရုပ်သီး ကျွမ်းသွားမှာစိုးလို့ဖြစ်ပါတယ်။ ပြီးရင် ခရမ်းချဉ်သီး ၂ ဘူးဖောက်ထည့်လိုက်ပါ။
ခရမ်းချဉ် သီးဘူး သုံးတာက လွယ်ကူလို့ပါ။ အဆင်မပြေရင် ခရမ်းချဉ်သီး ခပ်မှည့်မှည့်တွေကို
စိပ်ထားတာထည့်နိုင်ပါတယ်။
ပုဇွန်ခြောက် မှုန့်၊ဆား နဲ့ ပုဇွန်ငါးပိ လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ရေဖျော်ထားတာကိုပါထည့်ပါ။
ခရမ်းချဉ်သီးဖတ်တွေ ကြေသွားတဲ့ အထိ ရေစပ်စပ်ကလေးထည့်ရင်းဆက်ချက်ပါ။
တဆက်တည်း ငရုပ်သီးစိမ်း၊ နံနံပင် တို့ကို ရေဆေးပြီး မိမိ
အဆင်ပြေသလို လှီးထားပါ။ ခရမ်းချဉ်သီးတွေကြေလောက်ပြီးထင်ရင် စောစောက အသင့်
ပြင်ထားတဲ့ ငရုပ်သီးစိမ်း၊ နံနံပင်တို့ထည့်ပြီး အဖုံးခဏအုပ်ထားရင်း မီးအရှိန်လျော့
လိုက်ပါ။ အရမ်းပြစ်နေတာ မကြိုက်ရင်ရေအနည်းငယ်ထည့်ပြီးမြည်းပါ။ အပေါ့အငံ
အနေတော်လောက်ဆိုရင် ချနိုင်ပါပြီ။ခရမ်းချဉ်သီးငပိချက်ကို အများကြီးချက်ထားပြီး ခဲထားပြီး၊
စားနိုင်ပါတယ်။ ခရမ်းချဉ်သီးချက်နဲ့ လိုက်ဖက်တဲ့ တို့စရာတွေကတော့သခွားသီး၊ သရက်သီးစိမ်း၊
နံနံပင်၊ ခရမ်းချွတ်သီး၊ သံပုရာသီးစိပ်၊ ဂေါ်ဖီထုတ်ပြုတ်၊ ဒညှင်းသီး နဲ့ မုန်လာဥနီ တို့ပဲဖြစ်ပါတယ်။
အတို့ ၃ မျိုးလောက်နဲ့တင် တော်တော်တင်းတိမ်လှပါတယ်။ နွေဝင်နေပြီမို့ ငါးပိ ချက် ချက်ရင်း
အနံ့တွေစွဲမှာ သိပ်မပူရတော့ပါဘူး ။
ပြတင်းပေါက်တွေဖွင့်ပြီး ၊ ညှော်မယ်ဗျို့ လို့သာ အြော်ပီးချက်လိုက်ပါတော့နော်..။ 






0 comments: