ဆီချက် ခေါက်ဆွဲ

ဆီချက်လုပ်ဖို့ လိုအပ်တဲ့ အရာတွေကတော့

၁။ ခေါက်ဆွဲအပြား ( ရိုးရိုးခေါက်ဆွဲတွေလဲရပါတယ်၊ မြန်မာပြည်ကနဲ့ပိုတူအောင် ခေါက်ဆွဲအပြား ကို သုံးတာပါ။)
၂။ ကြက်သား
၃။ ကြက်သွန်ဖြူ
၎။ ဆီ
၅။ ကြက်သွန်မြိတ်
၆။ အချိုမှုန့် (သို့) ကြက်သားအမှုန့်
၇။ သကြား
၈။ ပဲငံပြာရည်အကြည်
၉။ သခွားသီး

အရင်ဆုံး ကြက်သားကို ကြက်သွန်ဖြူ၊ ဆား တို့နဲ့ ပြုတ်ပါတယ်။ ကြက်သားပြုတ်နေတုန်း
ကြက်သွန်မြတ်လေးတွေပါးပါးစဉ်းပါတယ်။ ကြက်သွန်ဖြု ငါးမွှာလောက်ကိုလဲ ဓါးနားရိုက်ပြီး၊
သေးသေးလေးတွေ ဖြစ်အောင် စဉ်းရပါတယ်။
ဆီချက်ချက်ဖို့ပါ။ ဒယ်အိုးထဲမှာ ဆီတည်ပြီး၊ ဆီပူလာတာနဲ့ ကြက်သွန်ဖြူစဉ်းထားတာကို
ထည့်လိုက်ပါ။မီးအရမ်းပြင်းပြင်း မထားဘဲ၊ ကြက်သွန်ဖြူဖတ်လေးတွေ ရွှေဝါရောင် သန်းလာတာနဲ့
ချလိုက်ပါ။ ကြက်သားပြုတ်ရ့ရင် အအေးခံပြီး ၊ အရိုးတွေကို အပြုတ်ရည်ထဲ ပြန်ထည့်ပြီး၊
အသားတွေကိုတော့ အတုံးတုံးသေးသေးလေးတွေဖြစ်အောင် လှီးပါ။

ကြက်သား အရိုးပြုတ်ရည်ထဲကို အပေါ့အငံမြည်းပြီး၊ ကြက်သွန်မြိတ်နည်းနည်း၊ သကြားနည်း
နည်းထည့်ပါ။ ဟင်းရည်ရပါပြီ။

ဆီချက်ခေါက်ဆွဲ တပွဲစာပြင်ဖို့အတွက် စားမယ့် ပန်းကန်ထဲ ခေါက်ဆွဲ တယောက် စာထည့်ပါ။
ဆီချက် ၂ စွန်း၊ပဲငံပြာရည် ၂ စွန်း။ အချိုမှုန့် ဒါမှမဟုတ် ကြက်သားမှုန့် အနည်းငယ်ထည့်၊
အပေါ်ကနေ ကြက်သွန်မြိတ် နဲ့ကြက်သားဖြူပြီး ပြင်ဆင်စားသုံးနိုင်ပါတယ်။

အချဉ်လုပ်ဖို့အတွက် သခွာသီးလေးတွေ ပါးပါးလှီးပြီး ငရုပ်ဆီအချဉ်နဲ့ရောပါ။ မချဉ်သေးရင်
သံပုရာသီးညှစ်ပါ။ဆီချက် ခေါက်ဆွဲကို စောစောကတည်ထားတဲ့ ကြက်သားပြုတ်ရည်ဟင်းခါးနဲ့
တွဲဖက်သုံးဆောင်နိုင်ပါပြီ။


2 comments:

မင်းညို said...

အားပေးသွားပါတယ်ဗျာ...
လုပ်စားကြည့်လို့  အဆင်ပြေရင်
တစ်ပွဲ ပို့ ပေးလိုက်ပါ့မယ်နော်...
နောက်ထပ်လဲ ပို့ စ် အများကြီးတင်နိုင်ပါစေဗျာ...
ကျေးဇူးပါ...

Unknown said...

အခုလို ရိုးရှင်း လွယ်ကူတဲ့ ဆီချက် ခေါက်ဆွဲ လုပ်နည်းကို
ရှင်းရှင်းလင်းလင်း နားလည်အောင် ပို့ စ် ရေးပေးတဲ့ အတွက်
အများကြီး ကျေးဇူးတင်ပါတယ်။