မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ (၃)

ဒီတခါ မှတ်ဖွယ်မှတ်ရာ အတွက် ရေးဖို့စဉ်းစားထားတာလေးတွေကတော့

၁။ ရှင်မင်း တို့ ဘုရားကပ်တဲ့ ကြေးသောက်တော် ရေခွက်လေးတွေဟာ နေ့စဉ်ဆေးကြောနေ
ပေမယ့် အရောင်တွေမှုန်နေတတ်ပါတယ်။စိတ်မပူပါနဲ့ အသစ်လဲ မ၀ယ်ပါနဲ့နော် ၊ မီးဖိုချောင်မှာ
ဟင်းချက်တုန်းက ဖျော်ထားတဲ့ မန်းကျည်းသီး တချို့ယူပြီး ပွတ်တိုက်ပေးပါ၊ အရောင်
တွေပြန်တက်လာပါလိမ့်မယ်။ ကျက်သရေ ရှိတဲ့ မိသားစု ဘုရားစဉ်က သောက်တော်ရေခွက်လေးတွေ
မျက်နှာမငယ်ရတော့ဘူးပေါ့။

၂။ ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။
တဆစ်ဆစ် ကိုက်နေတာတွေ သက်သာသွားပါလိမ့်မယ်။

၃။ ကြက်ဥ ကောင်းသေးလား ၊မကောင်းသေးလား သိချင်ရင် ဆားရည် ထဲကိုစိမ်ပါ၊
( အအေးခံထားတဲ့ ဆားရည်ပါ။) အောက်ကို မြုတ်ကျသွားရင် ကြက်ဥ ကောင်းပါသေးတယ်၊
ပေါလော ပေါ်လာရင်တော့ လွှင့်ပစ်ဖို့ အချိန်တန်ပါပြီ။

၎။ Jar တွေ ၊ ပုလင်းတွေရဲ့ အဖုံးတွေ ဖွင့်မတတ်ဖြစ်နေပါသလား၊ လွယ်ပါတယ်။
Latex dishwashing gloves သုံးပြီးသာဖွင့်လိုက်ပါ။
ချောချောချုချုနဲ့ဖွင့်နိုင်ပါလိမ့်မယ်။ နောက်တနည်းကတော့ အဖုံးကို မီးအပူနည်းနည်းပြပါတယ်၊
ပြီးရင် လက်သုပ်ပုဝါလေးနဲ့ မပူအောင်သေချာ ကိုင်ဖွင့်ရင် အလွယ်တကူပဲ ဖွင့်လို့ရလာပါလိမ့်မယ်။


၅။ ခြင်ကိုက်လို့ယားနေပါလား၊ ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

၆။ သကြားအညိုတွေဟာမကြာခဏ ခဲတတ်ကြပါတယ်။ ဒီလိုခဲနေတာကို ထုခွဲဖို့က တယ်လဲ
အဆင်မပြေလှပါဘူး။ လွယ်ပါတယ် ပန်းသီး တစိပ်လောက်ထည့်လိုက်ပါ။
ခဲနေတာတွေ ပျောက်သွားပါလိမ့်မယ်။

၇။ တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊
ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ်
ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။



၈။ ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝ
အချိုဓါတ်တွေ ထွက်လာစေပါတယ်။

၉။ ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။

၁၀။ ပျားရည်ခပ်တဲ့ အခါမှာ ဇွန်းလေးတွေပေါ် ကပ်ပြီးကျန်ခဲ့တာကို တွေ့ရတတ်ပါတယ်။
အဲလိုမဖြစ်အောင် မခပ်ခင် ရေပူပူထဲကို ဇွန်းနှစ်လိုက်ပါ ၊ ပြီးမှ ပျားရည်ကိုခပ်ပါ။
ဇွန်းပေါ်မှာကပ်ပြီးမကျန်ခဲ့တာကို တွေ့ရပါလိမ့်မယ်။

ဒီတခေါက် မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ ပြီး၏။

0 comments: