ကြက်သားပလာတာ

ကြက်သားဟင်းအတွက်

ကြက်သား
ကုလားပဲ
ကြက်သွန်နီ
ငရုပ်သီးမှုန့်
မဆလာ
ဆီ
ဆား
သစ်ဂျပိုးခေါက်

ဒီနေ့ တော့ အားလုံးအတွက်ကြက်သားပလာတာ ချက်ကျွေးမယ်လို့စီစဉ်ထားပါတယ်။
တချို့ က အားလူး နဲ့ ချက်ကြသလို၊ ရှင်မင်းကတော့ ကုလားပဲလေး နဲ့ ချက်ပါမယ်။
ဟင်းချက်ဖို့ကုလားပဲ ကို ဆားလေးထည့်ပြီး ၁နာရီ ခန့် ရေစိမ်ထားပါတယ်။ ဆား နှင့်
စိမ်ထားတာကြောင့် အကြာကြီး မပြုတ်ရတော့ဘူး။ ပဲ ရေစိမ်ထားတုန်းမှာပဲ ကြက်သွန်
နီ မထူးမပါးလှီးပါတယ်။ ကြက်သားကိုတော့ ဆား၊ နနွင်း လေးနဲ့ နယ်ထားပါတယ်။

ကုလားပဲရေစိမ်ထား တာကို ရေ နဲ့ ဆားရေတွေစင်အောင်ဆေးပြီ ဖယ်ထားလိုက်ပါ။
ဒယ်အိုးတခုထဲမှာ ဆီထည့်ပြီး ကြက်သွန်နီ၊  သစ်ဂျပိုးခေါက်တို့ ဆီသပ်ပါတယ်။ အနံ့
မွှေးလာရင် ကြက်သားနယ်ထားတာထည့်၊ ငရုပ်သီးမှုန့် ထည့်ပြီး ချက်ပါတယ်။ ကြက်သားတွေ
 ဖြူလာရင် ပြုတ်ထားတဲ့ ပဲ ထည့်၊ ရေထည့် ပြီး အိုးအဖုံးအုပ်ထားပါတယ်။ ခဏနေလျှင်
မဆလာအနည်းငယ်ထည့် အပေါ့အငံမြည်းပြီး ရေ လိုလျှင် ရေထည့်ပါတယ်။  ကြက်သား
ကိုနူးနူး အိအိလေး စားချင်လျှင် မီးအေးအေးလေးနဲ့ ချက်နိုင်ပါတယ်။ ရေလိုလျှင် ရေထပ်
ထည့်ပြီး မိမိ တို့ စိတ်ကြိုက်အသားနူးပြီဆိုလျှင် ကြက်သားဟင်း ရပါပြီ။

ပလာတာ

ပလာတာ ကိုတော့ ကုလားဆိုင်တွေမှာ လုပ်ပြီးသား ၀ယ်လို့ ရပါတယ်။ မီးအနည်းငယ်နဲ့
ဆီလေးထည့်ပြီး ကြော်ပါတယ်။ ဆီကြော်ထားတဲ့ ပလာတာ ကို Kitchen Towel နှင့် ဆီ
စစ်ပေးပါ။

အချဉ်

အချဉ်အတွက် ကြက်သွန်နီ (သို့မဟုတ်) သခွားသီးကို သံပုရာရည်ညှစ်ပြီး၊ ငရုပ်သီးစိမ်း
ပါးပါးလှီးထည့်ပါ။


အားလုံးအဆင်သင့်ဖြစ်လျှင် ကြော်ထားတဲ့ ပလာတာ ကို ဖွှာလိုက်ပြီး  ကြက်သားဟင်း
လေးလောင်းပြီး၊ အချဉ်လေးနှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။


1 comments:

Unknown said...

လူ10ယောက်စာအတွက် ပါဝင်သည့်အမယ်တွေရဲ့
အလေးချိန်အရေအတွက်တွေအချိန်အဆကိုထည့်ရေးပေး
စေချင်ပါတယ်.ဥပမာ အိမ်မှာ ဘုန်းကြီး 10ပါးအတွက်
အလှူဆွမ်းကပ်ချင်ရင် တွက်ချက်ခန့်မှန်းပီးဝယ်တတ်အောင် ချက်နည်းများတွင်ပေးစေချင်ပါတယ်